ကျွန်းစုမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျွန်းစု မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  အသက်(၁၈)နှစ် ပြည့်ပြီး ကာကွယ်ဆေး မထိုးနှံ‌ရသေးသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၊ ကဘင်းချောင်း ကျေးရွာ၊ ကတ္တလူကျေးရွာ၊ ကံ‌မော်ကျေးရွာ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVAXIN) လူဦးရေ(၁၂၆၀၀)ဦးအတွက် ရရှိခဲ့ရာ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ် ဆေး မထိုးနှံရသေးသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ သတ်မှတ်နေရာများ၌  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)