မလှိုင်မြို့နယ်၌ အခြေခံပညာ အဋ္ဌမတန်း(Grade - 9 ) စာမေးပွဲများ အေးချမ်းစွာ‌ဖြေဆို

မလှိုင် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၁-၂ဝ၂၂ခု ပညာသင်နှစ် အခြေခံပညာ အလယ်တန်း အဆင့်အဋ္ဌမတန်း(Grade-9) စာမေးပွဲများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း စာစစ်ဌာန(၅၁) ခုတွင်ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား( ၄၉၇ ) ဦး၊ ကျောင်းသူ (၅၅၄) ဦး၊  စုစုပေါင်း( ၁ဝ၅၁ ) ဦးရှိသည်။  မတ်လ(၁၇)ရက်နေ့တွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၄၈၈) ဦး၊ ကျောင်းသူ ( ၅၅၀ ) ဦး၊  စုစုပေါင်း( ၁ဝ၃၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား( ၉ ) ဦး၊ ကျောင်းသူ ( ၄ ) ဦး၊ စုစုပေါင်း (၁၃) ဦးပျက်ကွက်ခဲ့ကြောင်းသိရသည်။ 

၂ဝ၂၂ ခုနှစ် အဋ္ဌမတန်း စာမေးပွဲ များကို မတ်လ(၁၇) ရက်နေ့မှ မတ်(၂၃) ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် ဆရာ/မများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)