ပုသိမ်ကြီးမြို့နယ်တွင် တောင်သူများအား စိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

ပုသိမ်ကြီး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် မြို့နယ်တွင်းရှိ တောင်သူ များအား စိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပခြင်းကို ယနေ့နံနက် ၁၁နာရီက အဆိုပါ ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်သူများအား စိုက်ပျိုးရေး နည်းပညာပေး ဆွေးနွေးခြင်းကို ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးအောင်ကျော်မင်းက ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် အသုံးပြု ရမည့် စိုက်ပျိုးနည်းလမ်း များ၊ စပါးအထွက်နှုန်းကောင်းရရှိစေရန် အကြံပြုဆွေးနွေးခြင်း အစရှိသည်များအား ဆွေးနွေး ပြောကြားခဲ့ပြီး၊ ခရိုင်ပိုးမွှား ရောဂါ ကာကွယ်ရေး တာဝန်ခံ ဒေါ်ယဉ်မိုးအေးမှလည်း စိုက်ပျိုးရေး လုပ်ဆောင်ရာတွင် ကျရောက်တတ်သည့် ပိုးမွှားများ အန္တရာယ်အကြောင်းနှင့် ပိုးမွှားကကွယ် ရေး နည်းလမ်းအကြောင်း များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

နည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးအောင်ကျော်မင်း၊ ခရိုင်ပိုးမွှားရောဂါ ကာကွယ်ရေးတာဝန်ခံ ဒေါ်ယဉ်မိုးအေးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)