ပုသိမ်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပုသိမ်ကြီး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အထက ပုသိမ်ကြီးတို့တွင် သွားရောက် ဖြန့်ဝေခဲ့ သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် ကဗျာ အစရှိသည်များ ထည့်သွင်းဖော်ပြထားပြီး၊ ၂၀၂၂ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်အား ဂုဏ်ပြုသောအားဖြင့် ထုတ်ဝေထားသည်။

လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်စုစုလှိုင်နှင့် ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)