မိုးညှင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မိုးညှင်း မတ် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး မိုးညှင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူးဖြစ်သည့် ဒေါ်ခင်မာဆွေက လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးမှုများ ပပျာက်နိုင်ရေးအတွက် တားဆီးကာကွယ်ရမည့် နည်းလမ်း အချက်အလက်အကြောင်းအရာများဖြင့် ဆွေးနွေးပြောကြာရာ ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များ၊ စာဖတ်ဝါသနာရှင်များနှင့် ပြည်သူများအား သိရှိနားလည် သဘောပေါက်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်