ဇေယျာသီရိ မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်ဈေးနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ စားသောက်ဆိုင်များမှ ပြည်သူများ ကိုဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစာစောင်တွင် ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ ပါဝင်ကူညီ၊ တပ်မတော်၏အစဉ်အလာ ကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နွေအလှ၊ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက် စသည့်ခေါင်းစဉ်များပါဝင်ပြီး အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)