သာစည် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းစုံညီပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စုံညီပွဲတော်တွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး မူကြိုကျောင်းကြီးကြပ်မှု ကော်မတီဝင်တစ်ဦးနှင့် တာဝန်ခံဆရာမ ဒေါ်အေးအေးတို့က ကျောင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ဆက်လက်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မူကြိုကျောင်းသား/သူလေးများအား မူကြိုကျောင်းတက်ရောက်ပြီးစီး ကြောင်း အောင်လက်မှတ်များ ပေးအပ်သည်။ ထို့နောက် မူကြိုကျောင်းသား/သူလေးများက တေးသရုပ်ဖော်ကပြခြင်း၊ ကဗျာရွတ်ခြင်းနှင့် မော်ဒယ်ရှိုးလျှောက်ခြင်း များဖြင့်ဖျော်ဖြေသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မူကြိုကျောင်း ကော်မတီဝင် ဒေါ်စန်းတို့က မူကြိုကျောင်း ဆရာမများအား ဂုဏ်ပြုဆုငွေများချီးမြင့်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဒုတိယ ဥက္ကဋ္ဌ ဒေါ်လဲ့ဝင်းဖြူသန့်က အမှတ်တရ လက်ဆောင် များပေးအပ်သည်။
အဆိုပါစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မူကြိုကျောင်းကော်မတီဝင် များနှင့်ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ကျောင်းသား မိဘများတက်ရောက်ကြ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)