ရေဖြူ၌ ရော်ဘာဈေး ဒုတိယရာသီတွင် တစ်ပေါင် ၁၄၀၀ ကျပ်ဈေးအထိ မြင့်တက်

ရေဖြူ မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာဈေးဒုတိယရာသီ၌ တစ်ပေါင်း ၁၄၀၀ ကျပ်အထိ ဈေးနှုန်း ရရှိနေကြောင်းသိရသည်။

ပထမရာသီဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ရော်ဘာဈေး တစ်ပေါင်၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ယခု ဒုတိယရာသီတွင် ရော်ဘာ တစ်ပေါင် ဈေးနှုန်းမှာ သိသိ သာသာမြင့်တက်ခဲ့သည်။

ယခု ရရှိနေသောဈေးနှုန်းမှာ ယခင် ၂၀၁၇ ခုနှစ်မှစ၍ (၆) နှစ်တာအတွင်း အမြင့်ဆုံးဈေးဖြစ် ကြောင်းသိရသည်။" ပူပြင်းလွန်းပြီး နေပူမိုးရွာ ဖြစ်နေတာရယ်၊ ဒုတိယရာသီမှာ အစေးလှီးလုပ် သားရှားပါးလာတာရယ်ကြောင့် အချို့ခြံတွေ ရပ်နားထားကြတယ်။ ရော်ဘာလိုအပ်ချက်များပြီး အထွက်နှုန်းနည်းတာရယ်ကြောင့် ဈေးကောင်းခြင်းဖြစ်ကြောင်း ခြံပိုင်ရှင် တစ်ဦးထံကသိရ သည်။

အထွက်နည်းပေမယ့် ဈေးကောင်းတာကြောင့် မိသားစုဝင်ငွေထိခိုက်မှု မရှိကြောင်းလည်းသိရသည်။ ရေဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပင်းများအနက် ရော်ဘာကို အဓိကထား အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် လုပ်ကိုင်ကြကြောင်းလည်း သိရသည်။

ခတ္တာ