မန္တလေး မတ် ၁၈
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ(Talk Show) ကိုယနေ့ညနေ(၃)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်သွဲ့ရည်နိုင်တို့က ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးနှင့် အခြားအဖွဲ့အစည်း များနှင့် ပူပေါင်းရေး၊ ကလေးသူငယ်များ စိတ်ပိုင်းနှင့်ရုပ် ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ရေး၊ ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်များအကြောင်းနှင့် ကလေးငယ် တို့ဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ဝိုင်းဝန်းကူညီစောင့်ရှောက်ရမည့် အကြောင်းအရာများ ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)