မန့်ဟီးရိုး မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့ရုံးရှေ့၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ကို ကပ်နှံပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြသရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် ချောင်းရေ၊ မြစ်ရေများ ခန်းခြောက်လာသည့်အတွက် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာသုံးစွဲနိုင်ရေးကို အိမ်သုံးမီးများဖြစ်သည့် ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း၊ပန်ကာနှင့် လေအေးပေးစက်များကို မလိုအပ်ဘဲ ဖွင့်ထားခြင်းများ မပြုလုပ်ရန်၊ မီးအားသက်သာစေရန် အတွက် Energy Saving Lamp အစား LED မီးလုံး၊ မီးချောင်းများကို ရွေးချယ်အသုံးပြုသင့်ကြောင်း၊ မီးများကို မလိုအပ်ဘဲ ဖွင့်ထားခြင်းများ မပြုလုပ်ရန်၊ လတ်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို Socket များမှ ဖြုတ် ထားရန်နှင့် ရေပိုက်ခေါင်းများကို မလိုအပ်ဘဲ ဖွင့်ထားခြင်းများ မပြုလုပ်ရန်စသည့် အကြောင်းအရာများ ကပ်နှံပြသထားသည်ကို စာကြည့်တိုက်လာ စာငှား၊ စာဖတ် သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆိုင်းမိုင်(မန့်ဟီးရိုး)