ရပ်စောက် မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူ ဦးရေစုစုပေါင်း (၁၃၁၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ရပ်စောက်မြို့နယ်အတွင်း စာစစ်ဌာန (၉)ခုထားရှိ၍ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင်ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား (၂၉၈)ဦး၊ ကျောင်းသူ (၅၇၂)ဦး စုစုပေါင်း (၈၇၀)ဦးနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား (၁၅၉) ဦး၊ ကျောင်းသူ (၂၈၁)ဦး စုစုပေါင်း (၄၄၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူး များက တာဝန်ရှိသူများ နှင့် ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)