တာမိုးညဲမြို့၌ လူထုအခြေပြုဗဟိုဌာန၊ ( Community Centre) ၌ Book Club နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

တာမိုးညဲ မတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခေါန်မိုင်က စာပေကို ချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့်   အလေ့အကျင့်ကောင်းများ  မပျောက်ပျက်စေရန်၊  စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်သူများအသင်း (Book Club) များမှ စာရေးဆရာ(ချစ်နိုင်) ၏ချစ်လို့ပြောတာမှတ်ပါစာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရာက်လာသည့် စာပေမြတ်နိုးသူများက ၎င်းတို့၏ အတွေးအမြင် များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများ အဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန ( Community    Centre) ၌   လစဉ်ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ၊ပြန်ဆက်