ဟိုပန် မတ် ၁၈
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အေးချမ်းပျော်ရွင် စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်ရှိ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 အတန်းတွင် ကျောင်းသား(၄၇၂)ဦး၊ ကျောင်းသူ(၄၀၈)ဦး စုစုပေါင်း(၈၈၀)ဦး၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ကျောင်းသား(၄၃၅)ဦး၊ ကျောင်းသူ(၄၁၃)ဦးစုစုပေါင်း(၈၄၈)ဦး နှင့် အခြေခံပညာအထက်တန်းအဆင့် Grade- 10 (သင်ရိုးသစ်)တွင် ကျောင်းသား/သူ (၈၁)ဦး နှင့် Grade- 11(သင်ရိုးဟောင်း)တွင် ကျောင်းသား/သူ(၅၉)ဦးတို့ဖြစ်ကာ အခြေခံပညာအထက် တန်း အဆင့်တွင် ကျောင်းသား(၅၇)ဦးနှင့်ကျောင်းသူ (၈၃)ဦး စုစုပေါင်း(၁၄၀)ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ အေးချမ်း စွာဖြေဆိုလျက်ရှိသည်။
အဆိုပါ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ သက်ဆိုင်ရာ အခြေခံပညာစာသင်ကျောင်းများ၌ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း ဟိုပန် မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်ထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)