အိမ်မဲ မတ် ၁၇
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်၀င်တန်း စာမေးပွဲကို မြို့ပေါ်နှင့် ကျေးရွာစာစစ်ဌာန (၉)ခုတွင် ရူပဗေဒဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၄၈)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရာ ရူပဗေဒဘာသာရပ်တွင် စာစစ်ဌာနအလိုက် စာမေးပွဲဖြေဆိုရန် စာရင်းရှိ စုစုပေါင်း (၉၀၉) ဦး ရှိသော်လည်း၊ (၆၁) ဦး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး၊ (၈၄၈) ဦး ဖြေဆိုသည့်အတွက် စာမေးပွဲဖြေဆိုမှု ၉၃ ဒသမ ၂၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှုကော်မတီ၀င်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာ၀န်ရှိသူများမှ အနီးကပ် ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်(အိမ်မဲ၊ပြန်/ဆက်)