ပုသိမ်မြို့တွင် COVID - 19 အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်​ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်းများ ဆောင်ရွက်

ပုသိမ် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်ဆေးဆပ်ပြာဖြန့်ဝေခြင်း၊ လက်ဆေးနည်းအသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများကို ပုသိမ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပုသိမ်မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ လုပ်အားရှင်များ (၂၅) ဦး၊ ပုသိမ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (၅၆)ဦး၊ လူမှုရေးအဖွဲ့များမှ (၃၈)ဦး ဌာနဆိုင်ရာမှတာဝန်ရှိသူများ(၁၂) ဦးပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းကစပြီး အဖွဲ့များခွဲကာ ကမ်းနားစျေး၊ ရွှေပြည်သာစျေး၊ အဝေးပြေးကားဂိတ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ−မောင်မောင်မြင့်(ပြန်/ဆက်)