နမ္မတူ မတ်၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ တိုက်ပွဲရှောင်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron)နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လီဆူ (IDP)စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူ မြို့နယ်ရုံးမှ လုပ်သား (ရုပ်သံ) ဒေါ်မီမီမိုးက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် စခန်းတွင်းမှပြင်ပထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပါ၊ လက်ကို စက္ကန့် (၂၀)ကြာ အောင်ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိစခန်းတွင်း၌ သာနေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ စသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ပစ္စည်းထိန်း-၅ ဒေါ်ပိုပိုအောင်က တိုက်ပွဲရှောင် ပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရှောင်ရှား သင့်သည့် အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မီးလောင်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မီးငြိှမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံ၊ မီးငြှိမ်းသတ်ရန် နည်းလမ်းများနှင့် မုန်တိုင်းငယ်သတိပေးချက် စသည့်အကြောင်းအရာများအား တိုက်ပွဲရှောင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် တိုက်ပွဲရှောင် ပြည်သူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူမော်