ပူတာအို မတ် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုအဖြစ် စာအုပ်စာစောင် ပြပွဲပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန ခန်းမ၌ ပြသလျက်ရှိကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် လူငယ်ရေးရာ စာစောင်များ၊ တိုင်းရင်းသားရေးရာ၊ မြန်မာရေးရာ စသည့် အများပြည်သူ ဗဟုသုတရရှိစေမည့် သုတရသစာအုပ်များ၊ ဝတ္ထု၊ ကဗျာ၊ ကာတွန်းနှင့် ပုံပြင် စာအုပ်များ စုံစုံလင်လင်ပြသထားလျက်ရှိရာ ကျောင်းသူ၊ ကျောင်းသားများနှင့် စာပေဝါသနာရှင် များက လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြသမှုများကို မတ်(၂၇)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ပြသသွားမည်ဖြစ်ရာ စာပေဝါသနာရှင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)