ကိုဗစ်-၁၉ ရောဂါ ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံ

နောင်တရား မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများကို နောင်တရားမြို့မဈေး အဝင်ပေါက်တွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဦးစားပေးအစီအစဉ် အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းမှ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများကို နောင်တရားမြို့မဈေးသို့ လာရောက်ရောင်းဝယ်သည့် ဒေသခံပြည်သူများကို ကာကွယ်ဆေး ထိုးပြီးမပြီး စစ်ဆေးပြီး ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးထိုး စုရပ်များ၌ ကာကွယ်ဆေး လာရောက်ထိုးနှံ နိုင်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ခွန်အောင်(နောင်တရား)