ဒေးဒရဲ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အရွေးခံမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ဒေးဒရဲ  ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လွှတ်တော်ကိုယ်းစားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ်ကော်မရှင်ရုံးခွဲတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် သတ်မှတ်ထားသည့် နေရာများ၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ပြီး အများပြည်သူသိရှိနိုင်ရန်အတွက် မြို့နယ်ကော်မရှင်ရုံးခွဲနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများ၌ ကပ်ထားကြေညာသွားမည်ဟု သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပါတီစုစုပေါင်း (၁၁)ခုရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ()ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း()ဦး၊ မဲဆန္ဒနယ်()ခုမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၄)ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်()ဦး၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်()ဦး၊ စုစုပေါင်း(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင် သွားကြမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)