မော်လမြိုင်ကျွန်း မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁၃)ရပ်ကွက်၊ သခင်မြလမ်း၌ ကျင်းပခဲ့သည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်က အမှတ်(၁၃)ရပ်ကွက်၊ သခင်မြလမ်း ကွန်ကရစ်လမ်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရပ်ကွက်နေပြည်သူတစ်ဦးမှ လမ်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကွန်ကရစ်လမ်းအား လပွတ္တာခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဦးတင်လှိုင်နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမင်းဇော်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်း သည် အရှည် (၁၅၂၀)ပေအနက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လတာကာလတွင် (၇၀၀)ပေ ကို ငွေလုံးငွေရင်းရန်ပုံ ငွေမှ (၁၆၂.၇၀)ကျပ်သိန်းသုံးစွဲပြီး ပြည်သူမှ အတိုင်းအတာ (၈၂၀ပေ× ၁၂ပေ×၆လက်မ)အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် (၁၃၇.၁) ကျပ်သိန်းဖြင့် စည်ပင်နှင့် ပြည်သူပူးပေါင်းဆောင်ရွက်ခဲ့သည့် လမ်းဖြစ်ကာ အမှတ် (၁၃) ရပ်ကွက်သည် တိုးချဲ့ရပ်ကွက် ဖြစ်သည့်အတွက် မြို့၏တောင်ဘက်ဖြစ်သော မြို့တွင်းသို့သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ပြီး ယခုအခါလမ်းများကောင်းမွန်လာ၍ ကျောင်းသား ကျောင်းသူများ၊ ဆေးရုံ ဆေးခန်းနှင့် အခြားကိစ္စရပ်များရှိပါက အမှတ်(၁၀/၁၂)ရပ်ကွက်တို့မှ တဆင့်အချိန်မရွေး အလွယ် တကူသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)