အပင်အဖြစ်မြန် ဈေးကွက်အတွင်းအမြန်ရောင်းချနိုင်သည့် တစ်နိုင်တစ်ပိုင်ဟင်းနုနွယ် စိုက်ပျိုးခြင်းဖြင့်မိသားစုဝင်ငွေရရှိ

ညောင်ဦး  မတ်  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ ကျေးရွာများ၊ သူကောင်းတည်အုပ်စု၊ကျေးရွာများသည် အပင်အဖြစ်မြန်ပြီးဈေးကွက်အတွင်းအမြန် ရောင်းချနိုင်သည့် ဟင်းနုနွယ်ရွက်စိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားဝင်ငွေ ရရှိနေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုမှပြောကြား၍သိရ သည်။

ဟင်းနုနွယ်ပင်စိုက်ပျိုးခြင်းသည် အစေ့တိုက်ရိုက်ချ စိုက်ပျိုးရပြီး အလွန်လွယ်ကူသည့် ဟင်းရွက် ပင်ဖြစ်ခြင်းကြောင့် မိသားစုတစ်နိုင်တစ်ပိုင် ချက်စားဖို့ရန်အတွက်သော် လည်းကောင်း၊ ဈေးကွက်အတွင်း ရောင်းချရန်သော်လည်းကောင်း အပင်အဖြစ်မြန်ပြီး စိုက်ပျိုးသင့်သည့်ဟင်းရွက်ပင် အမျိုးအစားဖြစ်ကြောင်း ဦးအေးကိုကရှင်းပြသည်။ ဟင်းနုနွယ်ရွက်ပင်အား သပ်သပ်စိုက်ပျိုး ခြင်းဖြင့်စိုက်ပျိုးခြင်း၊ ကြက်သွန်ခင်း၊ ငရုပ်ခင်း၊ ပြောင်းဖူး၊ ပဲအမျိုးမျိုးအခင်းများထဲတွင် သီးညှပ် စိုက်ပျိုးကြပြီး ဟင်းနုနွယ်ရွက်ခင်းသီးသန့်စိုက်ပျိုးပြီး ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။ဟင်းနုနွယ်ရွက် စိုက်ပျိုးခြင်းသည် ဟင်းနု နွယ်မျိုးစေ့အား တိုက်ရိုက်ကြဲပြီး စိုက်ပျိုး ကြကာ လေးငါးရက်ဖြင့် အပင်ပေါက်များပေါက် လာကြောင်း၊ ဆယ့်ငါးရက်ခန့်ကြာလျှင် ခူးပြီး ရောင်းချကြကြောင်းသိရသည်။ ဟင်းနုနွယ်ရွက်များအား သုံးရက်တစ်ခါခူးပြီးရောင်းချရကာ တစ်ပိသာဖောက်သည်ဈေး ၄၅၀ကျပ် ရရှိပြီးကိုယ်တိုင်ရောင်းချပါက တစ်ပိသာ ၅၅၀ကျပ် ရရှိ ကြောင်းသိရပြီး အပင်အဖြစ်မြန် ပြီးဈေးကွက်အတွင်း အမြန်ရောင်းချနိုင်သည့် ဟင်းနုနွယ် စိုက်ပျိုးခြင်းအား စီးပွားဖြစ်စိုက် ပျိုးခြင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ နေကြကြောင်းသိရသည်။

ကိုထိန်၊KPD