ဓနုဖြူမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်

ဓနုဖြူ  မတ်  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အားကစားကွင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူငယ်၊ လူရွယ်နှင့် ကျောင်းသား/ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန်၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းမှ ဦးဆောင်၍ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့ စသည်ဖြင့် အားကစားနည်း (၅)မျိုး သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။     

 ၂၀၂၂-ခုနှစ်၊နွေရာသီ အခြေခံအားကစားသင်တန်းများကို (၂၅.၃.၂၀၂၂)ရက်နေ့မှ (၃.၄.၂၀၂၂) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး (၄.၄.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့များတွင် သင်တန်းဆင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

အေးအေးအောင်(ပြန်/ဆက်)