ကျောက်ဆည်မြို့နယ်တွင်  တက္ကသိုလ်ဝင်ခွင့် စားမေးပွဲဖြေဆိုခွင်ကတ်ပြားများ ထုတ်ပေး

ကျောက်ဆည် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂  ခုနှစ်  မတ်လ(၃၀)ရက်နေ့တွင်  စတင် ကျင်းပပြု လုပ်မည့်  တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင်  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် စားမေးပွဲစစ်ဌာနများတွင် တက္ကသိုလ်ဝင်ခွင့် စားမေးပွဲဖြေဆိုခွင့် ကတ်ပြားများ  ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ မင်းစု အခြေခံပညာအထက်တန်းကျောင်း၊  သံရွာအခြေခံပညာ အထက် တန်းကျောင်းများတွင် စာဖြေနယ်မြေများ ဆောင်ရွက်ထားရှိကာ ကျောင်းသား (၈၂၇)ဦး၊  ကျောင်း သူ (၁၀၉၀)ဦး   စုစုပေါင်း (၁၉၁၇)ဦး  ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်