ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာနှင့် ညောင်တိုကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက် သော မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာနှင့် ညောင်တိုကျေးရွာတို့တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇.၂၆၇၅ သန်းဖြင့် အိမ်ခြေ ၄၀၂ ၊ လူဦးရေ ၁၄၇၁ ဦး ရှိသည့် လိန်ပင်ကျေးရွာတွင် အလျား ပေ ၁၅၀ ၊ အနံ ၉၅ ပေ ၊ အနက် ၆ ပေရှိ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းနှင့် တာဘောင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၆.၇၁၃ သန်းဖြင့် အိမ်ခြေ ၅၈ အိမ် လူဦးရေ ၂၇၆ ဦးရှိသည့်  ညောင်တိုကျေးရွာတွင် အလျား ပေ ၁၀၀ ၊ အနံ ၇၅ ပေ ၊ အနက် ၆ ပေရှိ မြေသားရေကန် တူးဖော် ခြင်း၊ အရှည် ပေ ၄၄၀ ၊ အမြင့် ၅ ပေရှိ  Chain Link ကာရံခြင်းနှင့် လက်နှိပ်တုံကင် လေးစုံ တပ်ဆင် ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ လိန်ပင်ကျေးရွာ နှင့် ပန်းဒွေးကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် ၎င်းတို့မွေးမြူထားသော ကျွဲ၊နွားတိရစာ္ဆန်များ  သောက်သုံးရေအတွက် ရာသီမရွေးအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)