ညောင်ဦးမြို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် နှစ်ဆန်း၁ရက်နေ့ (နှစ်သစ်ကူး)နေ့တွင် ရွှေစည်းခုံစေတီတော်ဝင်း၊ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူမည်

ညောင်ဦး  မတ်  ၂၈

၁၃၈၃-၁၃၈၄ ခုနှစ်၊၂၀၂၂ခုနှစ် ဧပြီ ၁၇ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သံဃာတော်၊ သီလရှင်များအား ပုဂံမြို့၊ညောင်ဦးမြို့နယ်အတွင်းရှိ ညောင်ဦးမြို့သူမြို့သားများ၊အဝေးရောက် ပုဂံမြို့၊ ညောင်ဦးမြို့သူမြို့သား၊နယ်သူ နယ်သားများ၊ မြန်မာ ပြည်သူပြည်သားကုသိုလ်ရှင်များအနေဖြင့် ပုဂံမြို့၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျောင်းတိုက်၊ အသီးသီးမှ ဆရာတော်/သံဃံတော်များနှင့်သီလရှင်ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရန် ရွှေစည်းခုံဘုရား၊ ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင် ဆွမ်းဆန်စိမ်း‌လောင်းလှူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိလျက်ရှိကြောင်းသိရသည်။

ရွှေစည်းခုံစေတီတော်ဝင်း၊ ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင် ဆွမ်းဆန်စိမ်းများ ၁၃၈၄ခုနှစ်၊ တန်ခူးလဆန်း ၁ရက်နေ့၊နှစ်ဦးအလှူအဖြစ် ပုဂံမြို့၊ညောင်ဦးမြို့နယ်အတွင်း ရှိ ဆရာတော်များ၊ သီလရှင်ဆရာလေး အပါး ၁၃၀၀ တို့အား တစ်ပါးလျှင် ဆန် ၁၀ပြည်၊ ဆီ ၅၀ သား၊ ဆား၊ ဧဝအားတိုးဆေးရည်နှင့် ဆိုလာမီးအိမ်များကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်/သံဃာတော်များနှင့် သီလရှင်တစ်ပါးလျှင် (၄၂၀၀၀)ကျပ် နှုန်းလှူဒါန်းသွားမည်ဖြစ်ပါ၍ လိုတပြည့်စုံ ကုသိုလ်တော်အဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကိုထိန်၊KPD