မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

မြစ်သား မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင်      အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းစုရပ်နေရာများ အလိုက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ မြစ်သားမြို့(ဘူတာ)ရပ်ကွက်၊ ရွာခိုင်ကြီး (လမ်းခွ)၊ မိုင်းမော၊ ရစ်ကန် (ရိုးကန်)၊ ရေဝန်း (အုပ်ရှစ်ကုန်း)၊ ဒါးရယ်ကောင်း(သိုတန်)၊ ကူမဲ(နွားကူးလေး)၊ ရန်အေးကျေးရွာ စုရပ်နေရာများတွင်  ကျား(၄၈၂)ဦး၊ မ(၆၀၇)ဦး   စုစုပေါင်း (၁၀၈၉)ဦး အတွက် ဆေး(၉၉)လုံးထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစား ပေးအုပ်စုအလိုက်  သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မြမြမွန်(မြစ်သား)