စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး

စဉ့်ကိုင်   မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/   ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်း စေရေးနှင့်ရာနှုန်းပြည့်   ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံ၌  (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ(Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊  ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါ နှိမ်နှင်းရေး)၊    ကျောက်ဆည်တက္ကသိုလ်တွင်ဦးစောအေး(ကျန်းမာရေးမှူး)တို့ကဦးဆောင်၍ကျန်းမာရေး၀န် ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်  ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ်  တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ဒေသန္တာရ  စည်းကမ်းချက်များ၊   ကျန်းမာရေး၀န်ကြီးဌာနက    ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး  မတ်လ (၂၆)ရက်နေ့အထိ   First Dose   (၈၂၁၄၈)ဦး    Second Dose   (၅၆၂၇၅)ဦးနှင့်Third Dose (Booster Dose)(၁၄၃၇) ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၆.၈၅%) အားထိုးနှံပေးပြီးဖြစ်ရာကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ   ထိုးနှံခြင်းမရှိသေးသူများကိုလည်း    မြို့နယ်ပြည်သူ့   ကျန်းမာရေးဦးစီ းဌာနက  ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း