ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျောက်ပန်းတောင်း  မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန Community Centre တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများအား မေးမြန်းရာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်းက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံးခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ မီးဘေးကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများအဖြစ်၊ ယနေ့ မီးဘေးကြိုတင်ကာကွယ်ရေးသည်၊ မနက်ဖြန် မီးဘေးလုံခြုံရေးဖြစ်သည်ဟူသည့် ဆောင်ပုဒ်နှင့်အညီ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စစ်ဆေးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရပြီး၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲအစီအစဉ်ကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် Online မှ တဆင့် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)