မန္တလေးမြို့ သောက်သုံးရေရှားပါးနေသည့် ဘုန်းတော်ကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သို့ သောက်သုံးရေ ၃၂၀၀ဂါလံလှူဒါန်း

ညောင်ဦး  မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော မောက်စက်ကုန်းတဲတိုက်နှင့်ဘုန်းတော်ကျေးရွာသို့ ယနေ့ ညနေ ၄ နာရီ အချိန်ခန့်က မန္တလေးမြို့နေ ဒီဇိုင်နာ ဦးမျိုးမင်းစိုးနှင့်သူငယ်ချင်းများ၊ တောင်ဇင်းနယ် မြေမီးသတ်စခန်းတို့က  သောက်သုံး ရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှင့်တဲတိုက်သည် တောင်ဇင်းတိုက်နယ်အတွင်းရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ သောက်သုံးရေအကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ်မီး သတ်ဦးစီးဌာနပိုင် မီးသတရေသယ်ယာဉ်နှစ်စီးဖြင့်၊ မန္တလေးမြို့မှ ဒီဇိုင်နာ ဦးမျိုးမင်းစိုးနှင့် သူငယ်ချင်းများ စုပေါင်း ကာ မောက်စက်ကုန်းတဲတိုက်အတွက် ရေဂါလံ ၁၆၀၀၊ ဘုန်တော်ကျေးရွာအတွက် ရေဂါလံ ၁၆၀၀သွားရောက်ကူ ညီလှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြား၍သိရသည်။

မန္တလေးမြို့နေ ဒီဇိုင်နာဦးမျိုးမင်းစိုးနှင့်သူငယ်ချင်းများမှ  ညောင်ဦးမြို့နယ်အတွင်း သောက်သုံး ရေရှားပါးသည့်ကျေးရွာများအတွက် ယခုတပတ်အတွင်း ဂါလံ ၁၆၀၀၊ ဆံ့ ကားအစီး ၄၀ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုထိန်၊ KPD