ကျွန်းစုမြို့တွင် လေဘေးသင့်မိသားစုအား ထောက်ပံ့ငွေ ပေးအပ်

ကျွန်းစု မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ မတ်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ကျိုးကျပြီး နေအိမ်ပေါ်သို့ လဲပြိုကျရာ နေအိမ်ခေါင်းမိုးနှင့် အမိုးများပျက်စီးခဲ့ပြီး လေဘေးသင့်ခဲ့ရသော မိသားစုအား ယနေ့ မွန်းလွဲ(၂)နာရီတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း  သိရသည်။

မီးဘေးသင့် အိမ်ထောင်စုအတွက် မြိတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ မိသားစု(၃)ဦးအတွက် ဆန်ဖိုး (၆၂၀၀)ကျပ်တို့ကို တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)