မိုင်းခတ် မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club ၊Youth Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစု အပိုဝင်ငွေရရှိရေး ပန်းကြယ်သီးထိုးနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီ အောင်က အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစုအပိုငွေရရှိစေရန် အမျိုးသမီးများ အိမ်တွင်း လက်မှုလုပ်ငန်းတစ်ခုဖြစ်သော ပန်းကြယ်သီးထိုးနည်းသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြဆရာမ ဒေါ်နန်းလျမ်းက တက်ရောက် လာကြသော Woman Club ၊Youth Club အဖွဲ့မှသင်တန်းသူများအား ပန်းကြယ်သီး ထိုးနည်းကို လက်တွေ့သရုပ်ပြ သင်ကြားပြသခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ ၂၉ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူ ၁၂ ဦး တက်ရောက်သင်ကြားကာ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်