သာစည်မြို့ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သာစည် မတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရာ အဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီ အချိန် မှ စတင်၍ ဆေးထိုးစုရပ် အသီးသီးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊  အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံ ထားခြင်း မရှိသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၁ အုပ်စု အတွင်းရှိ ဆေးထိုးစုရပ် အသီးသီး နေရာများတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူ ၉၆၄ ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covishleld ပထမအကြိမ်အဖြစ် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ထံမှသိရသည်။

မြိုနယ် (ပြန်/ဆက်)