ပြင်ဦးလွင်မြို့ရှိ  ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်

ပြင်ဦးလွင်  မတ်   ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်း သမိုင်းဝင်ရွှေမြင်တင် စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ယနေ့နံနက် (၉) နာရီက  တာဝန်ရှိသူများမှကပ်လှူပူဇော်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ၊ ရှေးဟောင်း သမိုင်းဝင် ရွှေမြင်တင် စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  ရွှေသင်္ကန်းများ အသီးသီး ကပ်လှူပူဇော်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)