မိတ္ထီလာမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

မိတ္ထီလာ မတ် ၁၆

မိတ္ထီလာမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များကို ယနေ့ နံနက် (၁၂) နာရီက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသည့် မြို့ပေါ်ရှိ စာစစ်ဌာနများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သက်၍ ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများနှင့် ရောဂါ ကာကွယ် နိုင်မည့်နည်းလမ်းများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ သိရှိစေနိုင်စေရန် မြို့ပေါ်ရှိ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုလျက်ရှိသည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောင်ဇေယျာ စာစစ်ဌာနတို့တွင် မိတ္ထီလာမြို့နယ်ကိုယ်ပိုင်ကျောင်းများမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း ပညာရှင်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်တင့်က ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(ခရိုင်ပြန်/ဆက်)