ဝေမျှခြင်းပရဟိတမိသားစုမှ  ဇီးအိုင်တဲတိုက်နှင့်အောက်ယာတဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ဂါ လံလှူဒါန်း

ညောင်ဦး  မတ်  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဇီးအိုင်တဲတိုက်နှင့် အောက်ယာတဲတိုက်သို့ ယနေ့ နံနက် ၁၁ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူ တော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ဇီးအိုင်တဲတိုက်နှင့် အောက်ယာတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခု လှူဒါန်းသည့် ဇီးအိုင်တဲတိုက်အတွက် ၈၀၀ဂါလံနှင့် အောက်ယာတဲတိုက်အတွက် ၈၀၀ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၁၅၈၆၀ ဂါလံညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ် နေသောကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD