ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ထားဝယ် မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စာစစ်ဌာန(၈)ခုတွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန(၈)ခု၌ မြန်မာစာဘာသာ ရပ်ဖြေဆိုသူ ဦးရေ ထားဝယ်တွင် ကျား(၁၇၃)ဦး၊ မ(၂၂၄)ဦး၊ စုစုပေါင်း(၃၉၇)ဦး၊ (၉၂.၅၄%)၊ ပျက်ကွက်သူကျား(၁၉)၊ မ(၁၃)စုစုပေါင်း (၃၂)ဦး၊ (၇.၄၆%)၊ မေတ္တာတွင်ကျား(၁၁)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၃၁)ဦး၊ (၁၀၀%)၊ ရေဖြူတွင် ကျား(၂၈)ဦး၊ မ(၆၆)ဦး၊ စုစုပေါင်း (၉၄)ဦး၊ (၉၄.၉၅%)၊ ပျက်ကွက်သူကျား(၂)မ(၃)စုစုပေါင်း (၅)ဦး၊(၅.၀၅%)၊ ကလိန်အောင်တွင် ကျား(၁၇)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း(၄၄)ဦး၊ (၉၅.၆၅%)၊ ပျက်ကွက်သူမ(၂) (၄.၃၅%)၊ ကံပေါက်တွင် ကျား(၄၂)ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း (၇၈)ဦး၊ (၉၂.၈၆%)၊ ပျက်ကွက်သူကျား(၅)မ(၁) စုစုပေါင်း (၆)ဦး၊(၇.၁၄%)၊ လောင်းလုံးတွင် ကျား(၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၃၅)ဦး၊ (၈၉.၇၄%)၊ ပျက်ကွက်သူကျား (၃)မ (၁)စုစုပေါင်း (၄)ဦး၊ (၁၀.၂၆%)၊ သရက်ချောင်းတွင် ကျား(၃၀)ဦး၊ မ(၅၅)ဦး၊ စုစုပေါင်း(၈၅)ဦး၊ (၉၇.၇၀%)၊ ပျက်ကွက်သူ ကျား(၁)မ(၁)စုစုပေါင်း (၂)ဦး၊ (၂.၃၀%)၊ ကမြိုင်တွင် ကျား(၄၅)ဦး၊ မ(၇၂)ဦး၊ စုစုပေါင်း(၁၁၇)ဦး၊ (၉၀.၀၀%)၊ ပျက်ကွက်သူကျား(၆)မ(၇)စုစုပေါင်း (၁၃)ဦး၊(၁၀.၀၀%)ဝင်ရောက်ဖြေဆိုကြောင်း သိရ သည်။

သက်ဆိုင်ရာစာစစ်ဌာနများတွင် မတ်(၃၁)ရက်နေ့၌ မြန်မာ၊ ဧပြီ(၁)ရက်နေ့ အင်္ဂလိပ်၊ (၂)ရက်နေ့ သင်္ချာ၊ (၄)ရက်နေ့ ဓာတုဗေဒ၊ (၅)ရက်နေ့ ရူပဗေဒ၊ (၆)ရက်နေ့ ဇီဝ/ဘောဂဗေဒ၊ (၇)ရက်နေ့ ပထဝီဝင်၊ (၈)ရက်နေ့ သမိုင်း၊ (၉)ရက်နေ့ စိတ်ကြိုက်မြန်မာဘာသာရပ်များကို နံနက် ၉ နာရီမှ မွန်းတည့် (၁၂) နာရီအထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)