သပိတ်ကျင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂-ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

သပိတ်ကျင်း မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်( ၉)နာရီမှစတင်၍ တက္ကသိုလ်ဝင် ကျောင်းသား/သူ များစိတ်အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် သပိတ်ကျင်း အ.ထ.က စာစစ်ဌာန၊ ဝါးဖြူတောင်အ.ထ.က စာစစ် ဌာန၊ဇရပ်ကွင်း အ.ထ.က စာစစ်ဌာန၊တကောင်း အ.ထ.က စာစစ်ဌာန၊ကြာညှပ် အ.ထ.က စာစစ်ဌာန၊တွင်းငယ် အ.ထ.က စာစစ်ဌာန၊စာစစ်ဌာန(၆)ခုထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်ကျောင်းသား/သူ(၆၈၇)ဦး၊လျောက်ထားရာ ကျောင်းသား(၂၄၂)ဦး၊ ကျောင်းသူ( ၃၈၃)ဦး၊စုစုပေါင်း(၆၂၅)ဦး၊ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား( ၃၅)ဦး၊ကျောင်းသူ(၂၇)ဦး၊ စုစုပေါင်း(၆၂)ဦး ပျက်ကွက်သဖြင့် သပိတ်ကျင်းမြိုနယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့်ရာခိုင်နှုန်း (၉၁%)ရှိကြောင်း သပိတ်ကျင်းမြိုနယ် အခြေခံ ပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)