တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်၌ (၃/၂၀၂၂)လအတွက်အငြိမ်းစား(၂၃၉)ဦးအား ပင်စင်လစာငွေပုံမှန်ထုတ်ပေး

တနင်္သာရီ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင်၂၀၂၂ခုနှစ်၊ မတ်လ အတွက်အငြိမ်းစားလစာငွေ ထုတ်ယူခွင့်ရှိသည့် အငြိမ်းစားဝန်ထမ်းပေါင်း (၄၃၈)ဦးရှိသည့်အနက် မတ်လ(၂၁ရက်မှ ၃၁ရက်နေ့)အထိအငြိမ်းစားဝန်ထမ်းပေါင်း(၂၃၉)ဦးက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီပင်စင်လစာငွေများကို ပုံမှန်လာရောက်ထုတ်ယူကြ ရာ ပင်စင်လစာငွေ(၄၂၈၅၅၃၂၅/၇၄)ကျပ်အား ထုတ်ပေးခဲ့ကြောင်း မြန်မာ့စီးပွါးရေး ဘဏ်မှ သိရသည်။

ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက်အငြိမ်းစားဝန်ထမ်းများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကိုစနစ်တကျတပ်ဆင်ခြင်း၊ ဘဏ်ထဲသို့မဝင်မှီ စနစ်တကျလက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး(၃)ပေကွာမှ သတ်မှတ်နေ ရာများ၌စောင့်ဆိုင်း ခြင်း၊ အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများကို ဦးစားပေးကူညီပေးခြင်းတို့ဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားထားကြောင်းမန်နေဂျာ ဒေါ်သန်းချိုဌေးထံက သိရသည်။

ထိန်ဝင်း(ပြန်/ဆက်)