မိတ္ထီလာ မတ် ၃၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊အမှုထမ်းများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာ အုပ်စု အိုင့်ကျေးရွာ (အနောက်)ဘုန်းတော်ကြီးကျောင်း ဦးစီးပဓနာယကဆရာတော် ဘဒ္ဒန္တဩဘာသ (မြို့နယ် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ)ထံသို့ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များက လှူဒါန်းသော ဆွမ်းဆန်တော်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများကသွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းသာ