သရက်ချောင်း ဧပြီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)မထိုးနှံရသေးသောပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများ၊ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို Mobile စနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်တကျသွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင်ကျေးလက်နေပြည်သူများ အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး(ပထမအကြိမ်)မထိုးနှံရသေးသောပြည်သူနှင့်(ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများ၊(တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက်သွားရောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
နန်းခလိုက် (သရက်ချောင်း)