ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုမှုရာနှုန်း ၉၀.၁၃ ရာခိုင်နှုန်းရှိ

ကျောက်ပန်းတောင်း ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲ တတိယနေ့အဖြစ် ဧပြီ(၂)ရက်နေ့ နံနက်(၉)နာရီက၊ သင်္ချာ ဘာသာရပ်ကို စတင်ဖြေဆို ကြရာ၊ မွန်းတည့် (၁၂) နာရီတွင် စာစစ်ဌာနအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေုဆိုရန် စာစစ်ဌာန(၄)ခုဖွင့်လှစ်ထားရှိရာ၊ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၁၁၃၅)ဦးရှိသည့်အနက်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အ.ထ.ကတွင် ဝင်ရောက်ဖြေဆိုသူ(၆၀၅)ဦး၊ ပုပ္ပားအ.ထ.ကတွင် ဝင်ရောက်ဖြေဆိုသူ(၂၆၇)ဦး၊ တောင်ဦး အ.ထ.ကတွင် ဝင်ရောက်ဖြေဆိုသူ(၅၉)ဦးနှင့်လက်ပံပျား အ.ထ.ကတွင် ဝင်ရောက်ဖြေဆိုသူ(၉၂)ဦးစုစုပေါင်း ကျောင်းသားကျောင်းသူ (၁၀၂၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၀.၁၃)ရာခိုင်နှုန်းဖြစ်ကြောင်း သိရပြီး အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)