နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ ဘာသာရပ် ဖြေဆိုသူ(၆၈၉)ဦးရှိ

နမ့်စန်() ဧပြီ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ(သင်္ချာဘာသာရပ်)ကို ယနေ့ နံနက် နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလမ်)စာစာဌာန ၂ခုတို့တွင် ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၇၅၅ ဦးတွင် လာရောက် ဖြေဆိုသူ ၆၈၉ ဦးရှိပြီး   ဖြေဆိုရန်ပျက်ကွက်သူ  ၆၆ ဦးရှိကြောင်းသိရသည်။

ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် နမ့်စန် တပ်နယ် မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များက ယာဉ်များနှင့်စက်သံများဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့်အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)