မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သောမိုးစပါး မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်

မိုင်းခတ်   စက်တင်ဘာ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက် သော မိုးစပါးမျိုးကွဲ နုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်(၂) တောင်သူ ဦးဝင်းကြိုင် လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးယုမောင်နှင့် ဝန်ထမ်းများ က မျိုးကွဲနှုတ်ပယ်ခြင်းကို တက်ရောက်လာသော တောင်သူများအား လက်တွေ့ကွင်းဆင်းပြသခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက ဒုတိယအကြိမ် မျိုးကွဲနှုတ်ပယ်ခအတွက် တစ်ဧကလျှင် (၅၀၀၀၀)ကျပ်၊ မျိုးစေ့ သန့်စင်ခ (၁၅၀၀၀)ကျပ်ကို မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မိုင်းခတ်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ဧက (၄၀)အား ကျေးရွာအုပ်စု (၃)အုပ်စု၊ တောင်သူ(၁၆)ဦးဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးဒေ (ပြန်/ဆက်)