ကျိုင်းတုံ ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍လည်ကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ အထောက်အကူဖြစ်စေရန်အတွက်လည်ကောင်း ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့က ရှေးဦးသူနာပြုစုနည်းများကို စာတွေ့လက်တွေ့ သင်ကြား ပေးသည်။
အဆိုပါသင်တန်းကို ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသား/ သင်တန်းသူ (၂၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျော်စိန်သန်း(ပြန်/ဆက်)