ပင်လောင်းမြို့တွင် စစ်တုရင်သင်တန်းဆင်းပွဲပြုလုပ်

ပင်လောင်း  ဧပြီ  ၄

နွေရာသီကျောင်းများပိတ်သည့်ကာလအတွင်း လူငယ်လူရွယ်များ လမ်းမှားပေါ်သို့မရောက်ရှိစေရေးနှင့် လူငယ်လူရွယ်များဦးနှောက်ဖြတ်ထိုးဉာဏ် ပိုမိုကောင်းမွန်စေရေးအတွက်  အားကစားနည်းတစ်မျိုး​ဖြစ်သည့် စစ်တုရင်ကို လူငယ်လူရွယ်များ တတ်​​​မြောက်ကျွမ်းကျင်ပြီးပြိုင်ပွဲအဆင့်သို့ ယှဉ်ပြိုင်နိုင်အောင်ရည်ရွယ်၍ စစ်တုရင်ကစားနည်းသင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်အုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲကို ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက​  Community Centre  ခန်းမတွင် ပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိများနှင့် သင်တန်းနည်းပြဆရာများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ရာ သင်တန်းတွင် သင်တန်းသား/ သင်တန်းသူစုစုပေါင်း ( ၂၈ )ဦးတက်ရောက်​ကြပြီး၊ သင်တန်းကို စာတွေ့လက်​တွေ့ဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး