ဟင်္သာတမြို့နယ်၌ နွေရာသီ အေရိုးဗစ်သင်တန်း ဖွင့်လှစ်

ဟင်္သာတ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ အေရိုးဗစ်သင်တန်းကို ခရိုင်ပြန်ဆက် ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများမှ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို တစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်​သည်။

ဟင်္သာတခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများအတွက် အခြေခံပန်းချီသင်တန်း၊ အားကစားသင်တန်းများ၊ စာစီစာကုံးပြိုင်ပွဲများ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော်