ညောင်ဦး ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၁ နာရီအချိန်က စာအုပ်၊စာစောင်ပြ ပွဲကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မှ ဦးစီးအရာရှိ ဒေါ်သူဇာစိုးထံ မှသိရသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန် ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေး၊ နွေရာသီ လူငယ်၊လူရွယ်များ ပြင်ပဗဟုသုတရှာမှီးရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှိ ပြည်သူ့စာကြည့်တိုက်များတွင် စားငှားအသင်းဝင်ကတ် ပြုလုပ်ပြီး စာအုပ်၊စာပေ၊စာစောင်များငှားရမ်းဖတ်ရှုကြပြီး အချိန်ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် လူငယ်လူရွယ်များစာကြည့်တိုက်သို့ လာရောက်စာဖတ်စေလို ကြောင်းပြောကြားသည်။ အဆိုပါစာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟု သုတတိုးပွားစေမည့် သုတ/ရသစာအုပ်များများကိုခင်း ကျင်းပပေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD