မိုင်းခုတ် ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာကြည့်တိုက်သို့ မအားလပ်သဖြင့် မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက်အတွင်း ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးသည် ရွေ့လျားစာကြည့်တိုက်အဖြစ် ဆောင်ရွက်ပေးခြင်းကို အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)