မိုင်းဆတ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ သက်ကြီးဘိုးဘွား (၂၇၃)ဦးအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ယခုစက်တင်ဘာလအတွင်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
"အသက်(၈၀)နှစ်နဲ့ (၈၅)နှစ်မပြည့်သေးတဲ့ သက်ကြီးဘိုးဘွားတွေကိုတော့ တစ်ဦးကိုကျပ် ၃၀၀၀၀ နှုန်းနဲ့ တစ်ကြိမ်ပဲထောက်ပံ့ပေးမှာဖြစ်ပြီး အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားတွေကိုတော့ တစ်ဦးကို လူမှုရေး ပင်စင်တစ်လ ကျပ်တစ်သောင်းနှုန်းနဲ့ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ(၃)လအတွက် ကျပ်-၃၀၀၀၀နှုန်း ထောက်ပံ့ ပေးမှာပါ၊ အခု စက်တင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာ ထောက်ပံ့ပေးသွားမှာပါ" ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေး က ပြောသည်။
ဇူလိုင်လအတွင်း ကောက်ယူထားရှိသော စာရင်းများအရ မိုင်းဆတ်ခရိုင်တွင် အသက်(၈၀)နှစ်မှ (၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွား (၁၆၃)ဦးရှိပြီး မိုင်းဆတ်မြို့နယ်တွင် (၇၃)ဦးနှင့် မိုင်းတုံမြို့နယ်တွင် (၉၀)ဦးရှိကြောင်း၊ အသက်(၈၅)နှစ်ပြည့်ပြီး သက်ကြီးဘိုးဘွား (၁၀၉)ဦးရှိပြီး မိုင်းဆတ်မြို့နယ်တွင် (၆၆)ဦးနှင့် မိုင်းတုံမြို့နယ်တွင် (၄၃)ဦးရှိကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)