မိုင်းရှူး စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း များ ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ သတ်မှတ်ထားသည့် နေရာများ၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်မှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇) ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)